Frim Fitness App ထုတ်သည့်ကုမ္ပဏီကို Facebook က၀ယ်ယူလိုက်ကြောင်းသိရသည်။
ယင်း App ကို Moves App တွေ ထုတ်လုပ်သည့် Helsinki အခြေခံ ProtoGeo ကထုတ်လုပ်ထားတာဖြစ်ပြီးယင်း App ကို iPhone နှင့် Android မှာဒေါင်းလုဒ် ပြုလုပ်ပြီးသုံးစွဲတဲ့ လူပေါင်း ၄သန်းရှိနေကြောင်းသိရသည်။
အဆိုပါ App ဟာ User များတစ်နေတာပြုလုပ်တဲ့အမူအကျင့်တွေပေါ် မူတည်ပြီး ကယ်လိုရီ ဘယ်လောက် လောင်ကျွမ်းသွား သည်ကို တိုင်းတာပေးနိုင်တဲ့ App တစ်ခုဖြစ်သည်။
ယင်း App ဟာလူသား တွေရဲ့ကျန်းမာရေး စောင့်ရှောက်မှုတွေကိုတစ်ဖက် တစ်လမ်းကနေအပြည့်အ၀ကူညီပေးနိုင်မည့် App တစ်ခုအဖြစ်လည်း တည်ရှိ နေသည်။
ဒါပေမဲ့၎င်း App ကိုဝယ်ယူရန်အတွက် Facebook က ProtoGeo ကိုပိုက်ဆံ မည်မျှကုန်ဆုံးသွားသည်ကိုထုတ်ဖော် ကြေညာထား ခြင်းမရှိကြောင်းသိရ သည်။
The Fitness Firm က “ Facebook နှင့်ပူးပေါင်းလုပ်ကိုင်ရတော့မည့် အတွက် အရမ်းဝမ်းသားပြီး နောက်ပိုင်းတွေမှာလည်း ၎င်းကထုတ်လုပ်သည့် App များကိုလူအများ ကစိတ်ဝင်စားစွာနဲ့ဝယ်ယူအသုံးပြုနိုင်ကြောင်း “ ၎င်း၏ Blog တွင်ပြောဆိုထားသည်။
ဒါ့အပြင် Facebook ကလည်း “ Moves အဖွဲ့အစည်းဟာလူသားတွေရဲ့ ကျန်းမားရေးကိုအထူးကောင်းမွန်လာအောင်ပြုလုပ်ပေးတဲ့ Tool တွေကို ထုတ်လုပ်ပေးသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီးယင်း App တွေရဲ့အောင်မြင်မှုတွေ ကိုစောင့်ကြည့်နေမှာပါ “ ဟုပြောဆိုထားသည်။
Ref : BBC
Wai Phyo Aung (TSJ Team)
0 comments:
Speak up your mind
Tell us what you're thinking... !