ဧပြီလ ၂၈ ရက်၊ရန်ကုန်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း မြန်မာ့ဆက်သွယ်ရေးမှ ထုတ်ပေးထားသည့် MEC Tel တံဆိပ်ပါ CDMA ဖုန်းဆင်းမ်ကဒ် ပျက်စီး/ပျောက်ဆုံး အသစ်လျှောက်ထားသူများအား ပစ္စည်းပြတ်လပ်နေမှုကြောင့် အသစ် ပြန်လည် ထုတ်ပေးနိုင်ခြင်း မရှိသေးကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရှိရသည်။
"အခုနောက်ပိုင်း ကဒ်ပျောက်/ ပျက်တွေလာလျှောက်တာများတော့ ပစ္စည်းပျက်တွေပြတ်ကုန်တာကြောင့် ၄ လပိုင်း ဒုတိယအပတ်ကတည်းက မထုပ်ပေးနိုင်တော့ဘူး ဧပြီလကုန်လောက်ကြရင်တော့ ပြန်ထုတ် ပေးနိုင်မယ် လို့တော့ ခန့်မှန်းထားတယ်" ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ နေ့စဉ် လူဦးရေ (၅၀)၀န်းကျင်မှ(၂၀၀) ၀န်းကျင်ခန့် ကဒ်ပျောက်/ကဒ်ပျက် လာရောက် ထုတ်ယူနေမှုတို့ကြောင့် ဧပြီလ ဒုတိယအပတ်မှ စ၍ကျပ်(၁၅၀၀)တန် MEC TEL တံဆိပ်ပါ CDMA ဖုန်းဆင်းမ်ကဒ်များ ပစ္စည်းပြတ်လပ်မှု ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တန်ဖိုးနည်း ကျပ်(၁၅၀၀)တန် MEC TEL တံဆိပ်ပါ CDMA ဆင်းမ်ကဒ်များအား လက်ရှိအချိန်တွင် မထုတ်ပေး နိုင်သော်လည်း လာမည့် မေလ(၂)ရက်နေ့မှ(၅)ရက်နေ့များ၌ပြ န်လည်ထုတ်ပေးနိုင်မည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သိရှိရသည်။
"ကဒ်ပျောက်/ပျက် လျှောက်တဲ့သူတွေက တစ်နေ့ကို အယောက်(၂၀၀)လောက်ရှိတော့ အလျှင်မမှီတော့ဘူးဖြစ်နေတာပေါ့ ဒီလောက်လျှောက်တဲ့သူတွေ များနေတော့ ပစ္စည်းပျက်ပြီပေါ့ အပျောက်များတာကလည်း အဲ့ဒီ 31 ဖုန်းတွေပဲများတယ်" ဟုဖုန်းဆင်းမ်ကဒ် ပျောက်/ပျက် ဆောင်ရွက်ပေးသူနှင့် ဆင်းမ်ကဒ် အရောင်းဝယ်လုပ်သူ မကြည်ကြည်ခိုင်က ပြောသည်။
MEC ဆင်းမ်ကဒ်များ ထုတ်ပေးနိုင်ခြင်းမရှိသေးသော်လည်း အခြားနှစ်သိန်းတန်ဖုန်း၊ ငါးသိန်းတန်ဖုန်းဆင်းမ်ကဒ်များ ထုတ်ပေး လျှက်ရှိကြောင်းလည်း သိရသည်။
ကဒ်ပျက်/ပျောက် လျှောက်မည်ဆိုက သက်ဆိုင်ရာ ဆက်သွယ်ရေးရုံး၏ စာရွက် စာတန်းအပြည့်အစုံဖြင့် လာရောက်လျှောက် ထားနိုင်ကြောင်း၊ကဒ်ပျက်လျှင် အခမဲ့လျှောက်ထားနိုင်ပြီး၊ကဒ် ပျောက်လျှောက်မည် ဆိုပါက ကျပ်နှစ်သောင်းပေးသွင်း လျှောက်ထားရမည်ဖြစ်ကြောင်း သိရှိရသည်။
လက်ရှိ ရန်ကုန်တိုင်းအတွင်း တန်ဖိုးနည်းဆင်းမ်ကဒ်များဖြစ်သည့် CDMA 800MHz (၂၁၅၀၀၀၀)လုံး၊GSM (၁၅၃၉၇၀၀)လုံးနှင့် WCDMA (၅၆၀၃၀၀)လုံး စုစုပေါင်းဆင်းမ်ကဒ် ယခုနှစ် မတ်လ ကုန်အထိရောင်းချခဲ့ပြီးဖြစ်ကြော င်းနှင့် အဆိုပါ တန်ဖိုးနည်းဖုန်း များကို ၂၀၁၃ ခုနှစ် ဧပြီလမှစတင်ရောင်းချခဲ့ခြင်းဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရှိရသည်။
Credit: Hittine Journal
0 comments:
Speak up your mind
Tell us what you're thinking... !