အားနည်းချက်များ ပြင်ဆင်ပြီးမှသာ Microsoft IE အသုံးပြုကြရန် အမေရိကန်နှင့် ယူကေ သတိပေး - Free Software and IT Sharing
Headlines News :
ADV
Home » , , » အားနည်းချက်များ ပြင်ဆင်ပြီးမှသာ Microsoft IE အသုံးပြုကြရန် အမေရိကန်နှင့် ယူကေ သတိပေး

အားနည်းချက်များ ပြင်ဆင်ပြီးမှသာ Microsoft IE အသုံးပြုကြရန် အမေရိကန်နှင့် ယူကေ သတိပေး

Written By ‌ဇေယျ on Wednesday, April 30, 2014 | 1:38 AM


Internet Explorer တွင် လုံခြုံရေး ပြဿနာ ရှိသောကြောင့် Microsoft က ပြန်လည် ပြုပြင်ပြီးသည့် အချိန်မှသာ IE browser ကိုအသုံးပြုကြရန် အမေရိကန် Computer Emergency Readiness အဖွဲ့နှင့် ဗြိတိန်လုံခြုံရေး ကုမ္ပဏီတို့က သတိပေး ပြောကြား ခဲ့ကြောင်း သိရသည်။

Internet Explorer တွင်ဖြစ်ပေါ်သည့် အားနည်းချက်သည် ပြီးခဲ့သည့်နှစ်အတွင်း ထွက်ရှိခဲ့သည့် IE ဗားရှင်းများ တွင်လည်း တွေ့ရှိခဲ့ကြောင်း သိရသည်။ Zero-day ဟု ခေါ်သည့် အဆိုပါ အားနည်းချက်သည် တိုက်ခိုက်သူများကသုံးစွဲသူ၏ ခွင့်ပြုချက်မရှိဘဲ malware များကို ကွန်ပျူတာပေါ်တွင် install ပြုလုပ်နိုင်မည် ဖြစ်သည်။ ၎င်း malware ကို ပုဂ္ဂိုလ်ရေး အချက်အလက်များ ခိုးယူခြင်း၊ အွန်လိုင်း အသုံးပြုမှုကို ခြေရာခံခြင်း သို့မဟုတ် ကွန်ပျူတာကို ထိန်းချုပ်ခြင်း စသည့် ရည်ရွယ်ချက်များဖြင့် အသုံးပြုကြသည်။

လုံခြုံရေး ကုမ္ပဏီ FireEye အနေဖြင့် အဆိုပါ အားနည်းချက်ကို တွေ့ရှိခဲ့ပြီးနောက် ၎င်းသည် Internet Explorer 9,10 နှင့် 11 မှတဆင့် အမေရိကန်နိုင်ငံရှိ ကာကွယ်ရေးနှင့် ဘဏ္ဍာရေး အဖွဲ့အစည်းများကို တိုက်ခိုက်ရန် Flash အခြေခံ နည်းပညာကို အသုံးပြုခဲ့ကြောင်း ပြောကြားခဲ့သည်။ အထက်ပါ Internet Explorer ဗားရှင်းများသည် Microsoft ၏ Windows Vista, Windows 7 နှင့် Windows 8 များတွင်ပါဝင်ပြီး Internet Explorer 6 နှင့်အထက်တွင်လည်း အဆိုပါ အားနည်းချက်များ ဖြစ်ပေါ်နေကြောင်း သိရသည်။

Ref: CNET
Credit: Internet Journal
Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

Blogger news

adf
 
Copyright © 2014. Free Software and IT Sharing - All Rights Reserved