ခရစ်စတယ်ကျောက်များဖြင့် ဖန်တီးထားသည့် Samsung Galaxy S5 Crystal Edition ထွက်ရှိလာ - Free Software and IT Sharing
Headlines News :
ADV
Home » , » ခရစ်စတယ်ကျောက်များဖြင့် ဖန်တီးထားသည့် Samsung Galaxy S5 Crystal Edition ထွက်ရှိလာ

ခရစ်စတယ်ကျောက်များဖြင့် ဖန်တီးထားသည့် Samsung Galaxy S5 Crystal Edition ထွက်ရှိလာ

Written By ‌ဇေယျ on Sunday, April 27, 2014 | 10:45 PM

Galaxy S5 ရဲ့ပလက်စတစ်ကိုယ်ထည်သည် ဈေးပေါလွန်းလှသည်ဟု ထင်မြင်သူများအတွက် ခရစ်စတယ် ကျောက်များ ဖြင့် ဖန်တီးထားသည့် Galaxy S5 ထွက်ရှိလာခဲ့ပါပြီ။ Galaxy S5 ၏ နောက်ကာဗာကို Swarovski အမည်ရ ခရစ်စတယ် ကျောက်များဖြင့် ဖန်တီးထုတ်လုပ်ထားခြင်းဖြစ်ပြီး အဆိုပါ Crystal S5 ကို လာမည့်မေလအတွင်း တောင်ကိုရီယားနိုင်ငံ တွင် မိတ်ဆက်ပြသမည်ဟု သိရှိရသည်။
YouTube တွင်ရှိတွေ့ရှိရသော Samsung ကိုရီးယားမှ လွှင့်တင်ထားသည့် ၁၂ စက္ကန့်စာ ဗီဒီယိုတွင် Swarovski ခရစ်စတယ်ကျောက်များဖြင့် အလှဆင်ထားသည့် Galaxy S5 ၏ ပုံကို ဖော်ပြခဲ့သည်။ မြင်တွေ့ရသော Crystal S5 သည် မူရင်းပလက်စတစ်မျက်နှာပြင် ပုံစံအတိုင်း
ချောမွတ်နေမည်လား၊ ခရစ်စတယ်များကြောင့် အချွန်အတက်လေးတွေ ပါဝင်နေမည်လား ဆိုသည်ကိုတော့ အဖြေရှာ မရသေးချေ။ Samsung အနေဖြင့် တန်ဖိုးကြီးအလှဆင်ပစ္စည်းများကို စမတ်ဖုန်းများတွင် အသုံးပြုရန်အတွက် အကြိမ်ကြိမ်ကြိုးစားခဲ့ သည်။ ထိုရလဒ်ကြောင့် စိန်ကျောက် များကဲ့သို့ တလက်လက်တောက်ပနေသော Galaxy S3 mini, S4 and Note 3 စမတ်ဖုန်းများကို ဂျာမနီနိုင်ငံတွင် ဖြန့်ချိရောင်းချခဲ့ဖူးသည်။ ပြီးခဲ့သည့်နှစ်ကလည်း ရွှေရောင် ဗားရှင်း Galaxy S4 ကို ထုတ်လုပ်ခဲ့ဖူးသည်။
Crystal S5 နှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို Samsung မှ ကြေညာထားခြင်းမရှိသေးချေ။ ဖုန်း၏ အတွင်း အစိတ်အပိုင်း များသည် မူရင်း Galaxy S5 နှင့်ခြားနားမည်မဟုတ်ကြောင်း ယူဆထားပြီး ဈေးနှုန်းပိုင်းတွင် တော့ ပို၍ကြီးမြင့်နိုင်ကြောင်း သိရသည်။


Ref : NBC News
May Thazin (TSJ Team)
Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

Blogger news

adf
 
Copyright © 2014. Free Software and IT Sharing - All Rights Reserved