ကမ္ဘာကျော်ဖုန်းကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Samsung ကယခုနှစ်အတွင်းတွင်နောက်ထပ် SmartWatch အသစ်တစ်လုံးကို ထပ်မံထုတ်လုပ်သွားမဲ့အခြေအနေဖြစ်ပေါ်နေကြောင်းသိရသည်။
ပြီးခဲ့သည့်နှစ်တွင် Samsungက Android ဗာရှင်းကိုအခြေ ခံထားသော Galaxy Gear အမည်ရှိ SmartWatch တစ်လုံးကို မိတ်ဆက်ပြသခဲ့ ပြီးဖြစ်သည်။
ထို့အပြင်ယခုလဆန်းပိုင်းတွင်လည်း SmartWatch နှစ်လုံးဖြစ်သော Galaxy Gear 2 နှင့် Gear 2 Neo တို့ကို ထက်မံမိတ်ဆက် ခဲ့ပြီဖြစ်ပြီး ယင်းစမတ် နာရီနှစ်လုံးကို Samsung က ၎င်း၏ကိုယ်ပိုင် Software ဖြစ်သော Tizen Sofware ပေါ်မှာအခြေခံပြုလုပ် ထားပါသည်။
ဒါ့အပြင် နောက်ထပ် SmartWatch တစ်လုံးဖြစ်သည့် Gear Fit ကလည်း ဈေးကွက်ထဲတွင် နေရာရထားလာခဲ့ပြီဖြစ်သည်။
ထိုအခြေအနေများကြောင့်Samsung Product Design ပိုင်း၏ Senior Vice President ဖြစ်သူ Hankil Yoon က၎င်းတို့ကုမ္ပဏီဟာ ငါးခုမြောက်သော SmartWatch အတွက်ပြင်ဆင်မှုများပြုလုပ်နေသည်ဟုပြောဆိုခဲ့ပြီးယင်း Device အသစ်ဟာ Android စနစ် ပေါ်မှာ အခြေခံထားမှာဖြစ်သည်ဟုသိရသည်။
လက်ရှိအချိန်တွင် စမတ်ဖုန်းဈေးကွက်၏ ပြိုင်ဆိုင်မှုပြင်းထန်နေပြီး Samsung ကဖြစ်နိုင်ချေရှိတဲ့အရာမှန်သမျှနဲ့အတူ မိမိ၏ပြိုင် ဘက်တွေကိုယှဉ်ပြိုင်ဖို့ စီစဉ်နေခြင်းဖြစ်ပါသည်။
ဒါ့အပြင် Hankil Yoon ကကုမ္ပဏီဟာ၎င်းတို့၏ Tizen Operating စနစ်ပေါ်မှာ အခြေခံထားသည့် အဆင့်မြင့်ဖုန်းတစ်လုံးကို နောက်လ အနည်းငယ်အတွင်းမှာ ထုတ်ဖော်မိတ်ဆက်ပေးသွားအုံးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Ref : Yahoo Tech
Wai Phyo Aung (TSJ Team)
0 comments:
Speak up your mind
Tell us what you're thinking... !