MEC Tel CDMA 800MHz ဖုန်းအင်တာနက်စနစ်အား ချက်ချင်းလျှောက်၊ ချက်ချင်းရစနစ်ဖြင့် စတင်ဆောင်ရွက်ပေး - Free Software and IT Sharing
Headlines News :
ADV
Home » , , » MEC Tel CDMA 800MHz ဖုန်းအင်တာနက်စနစ်အား ချက်ချင်းလျှောက်၊ ချက်ချင်းရစနစ်ဖြင့် စတင်ဆောင်ရွက်ပေး

MEC Tel CDMA 800MHz ဖုန်းအင်တာနက်စနစ်အား ချက်ချင်းလျှောက်၊ ချက်ချင်းရစနစ်ဖြင့် စတင်ဆောင်ရွက်ပေး

Written By ‌ဇေယျ on Monday, May 5, 2014 | 1:34 AM



MEC Tel CDMA 800MHz ဖုန်းအင်တာနက်စနစ်အား ချက်ချင်းလျှောက်၊ ချက်ချင်းရစနစ်ဖြင့် စတင်ဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။

စာတိုပို့စနစ် (SMS) ဖြင့် လျှောက်ထားရခြင်းမဟုတ်ဘဲ လျှောက်လွှာဖြင့် သွားရောက်လျှောက်ထားရသော အဆိုပါ ဖုန်းအင်တာနက် စနစ်ကို လျှောက်လွှာတွင် အချက်အလက် ဖြည့်စွက်လျှောက်ထားပြီးသည်နှင့် လိုင်းတစ်ခါတည်း ဖွင့်ပေးခြင်းဖြစ်ကြောင်း လျှောက်ထားသည့်နေရာမှ
မေးမြန်းသိရှိရသည်။

“Mobile Care Center ကို လာတာနဲ့ အင်တာနက်လျှောက်ထားဖို့ဆိုရင် တိုကင်ပေးပါတယ်။ အဲဒီတိုကင်နံပါတ်အလိုက် ခေါ်ပေးပြီး ကိုယ့်အလှည့်ရောက်တာ နဲ့ လျှောက်လွှာမှာ ဖောင်ဖြည့်ပြီး တစ်ခါတည်း
ဖွင့်ပေးတာ ဖြစ်ပါတယ်” ဟု ယင်း MEC Tel Mobile Care Center မှ မေးမြန်းသိရှိရသည်။

MEC TelCDMA 800MHz ဖုန်းအမျိုးအစားများအတွက် အင်တာနက်စနစ် ချိတ်ဆက်ခြင်းကို ပန်းဆိုးတန်းနှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ Mobile Care Center တွင် စတင်ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။
MEC Tel CDMA 800MHz ဖုန်းအမျိုးအစားများအတွက် အင်တာနက်စနစ်ကို စာတိုက်ကြီးအနီးရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတွင် ဆောင် ရွက်ပေးမည်မဟုတ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။
၂.၅.၂၀၁၄ ရက်နေ့မှစ၍ MEC Tel CDMA 800MHz တယ်လီဖုန်း အင်တာနက်လျှောက်လွှာများ လက်ခံမည်မဟုတ်ကြောင်း စာတိုက်ကြီး အနီးရှိ တန်ဖိုးနည်း မိုဘိုင်းဖုန်း ကတ်ပျက်၊ပျောက်လျှောက်ထား ရသော မြန်မာ့ဆက်သွယ်ရေးရုံးတွင် ကြေညာထားသည်။ ရုံးချုပ်အခြေစိုက် အဝေးဆက်သွယ်ရေးစခန်း၊မြေညီထပ်၊ ပန်းဆိုးတန်းလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့် Mobile Care Center တွင် လက်ခံဆောင်ရွက်ပေး နေကြောင်း ကြေညာထားခြင်းဖြစ်သည်။

MEC Tel CDMA 800MHz ဖုန်းအမျိုးအစားများအတွက် အင်တာနက်စနစ် ချိတ်ဆက်ခြင်းအတွက် တစ်သောင်းကျပ်နှင့် လျှောက်လွှာအတွက်
နှစ်ရာကျပ် စုစုပေါင်း တစ်သောင်းနှင့်နှစ်ရာကျပ် ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

Ref:Internet Journal
ဖြူဖွေး
Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

Blogger news

adf
 
Copyright © 2014. Free Software and IT Sharing - All Rights Reserved