Computer ဖြင့် Fax အဝင်/အထွက် ပြုလုပ်ခြင်း - Free Software and IT Sharing
Headlines News :
ADV
Home » , » Computer ဖြင့် Fax အဝင်/အထွက် ပြုလုပ်ခြင်း

Computer ဖြင့် Fax အဝင်/အထွက် ပြုလုပ်ခြင်း

Written By ‌ဇေယျ on Tuesday, April 29, 2014 | 1:29 AM



မိမိကွန်ပျူတာတွင် Modem ချိတ်ဆက်ထားသော မိတ်ဆွေများအနေဖြင့် Fax များကို ပေးပို့ခြင်း / လက်ခံခြင်းများ ဆောင်ရွက်နိုင်ပါတယ်ဗျာ 

မိမိစက်မှာ Modem ချိတ်ဆက်ပြီးသာ ရှိမယ်ဆိုရင် ကွန်ပျူတာကနေ Fax အ၀င်/အထွက် ရစေဖို့အထွက် Fax component ကို Windows boot CD မှနေပြီး ရယူလိုက်ရမှာပါ
လုပ်ဆောင်နည်းကတော့
- CD Rom ထဲကို Windows boot cd ထည့်
- control panel > add and remove program ကိုဖွင့် ဘယ်ဘက်အခြမ်းက add and remove windows components ကိုကလစ်
- Fax services ကို အမှန်ခြစ်ပေး Next သာလုပ်ပါ အားလုံးပြီးသွားရင်
- Start > Setting >printer and faxes ထဲက Fax ကိုဖွင့်
- Tool Menu > configuration Fax > Next 
- ပြီးရင် လိုအပ်တဲ့ အချက်အလက်တွေဖြည့် Next
- enable send နဲ့ enable receive ကိုအမှန်ခြစ်ပေး Automatically answer after .....ring ကိုရွေး Next
- CSID မှာ Fax ရေး Next 
- မိမိ ကွန်ပျူတာသို့ ဝင်လာသော Fax များအား တိုက်ရိုက် print ထုတ်ရန်အတွက် Print it on ကို အမှန်ခြစ်ပေး Printer name ရွေးပေးလိုက်ရင်ရပါပြီ
- မိမိ ကွန်ပျူတာသို့ ဝင်လာသော Fax များအား ဖိုင်အဖြစ်သိမ်းလိုပါက တစ်နေရာတွင် ဖိုဒါတစ်ခုဆောက် ပြီးရင် Save a copy in a folder ကို အမှန်ခြစ်ပေး ခုနကဆောက်ထားတဲ့ ဖိုဒါနေရာကို ရွေးပေးလိုက်ရင်ရပါပြီ ပြီးရင် Next
- ဒါဆိုရင် အားလုံး ပြီးတာဖြစ်တဲ့အတွက် Finish ပေါ့ 
အဲဒါဆိုရင် မိမိကွန်ပျူတာအတွင်းသို့ Fax များ ဖိုင်အနေဖြင့် ရရှိနိုင်သလို 
မိမိအနေဖြင့် Fax ပေးပို့ လိုပါက ပေးပို့ လိုသည့်ဖိုင်ကို ဖွင့် Print ဆိုပြီးလုပ်လိုက်ပါ ပြီးရင် Printer name မှာ Fax ကို ရွေးပေးပြီး OK လုပ်လိုက်ရင် ကိုယ်ပေးပို့ လိုတဲ့ fax number တို့ဘာတို့ စတဲ့အချက်အလက်တွေ ဖြည့်ပြီး ပေးပို့ လို့ ရပါပြီ။
Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

Blogger news

adf
 
Copyright © 2014. Free Software and IT Sharing - All Rights Reserved