start>Run>powercfg.cpl>check Enable Hibernation>Turn of computer ကိုပေးလိုက်ပါ။
ကီးဘုတ်မှ Shift key ကိုဖိထားပါ။ ဘယ်ဘက်ထောင့်က အ၀ါရောင် Standby icon သည် Hibernate စားသားသို့ပြောင်းလဲသွားပါက Mouse ဖြင့် click နှိပ်ခြင်းဖြင့် Hibernate လုပ်ငန်းစဉ်ကိုပြီးမြောက်စေသည်။ Screen Hibernate လုပ်ဆောင်နေပုံကို စောင့်ကြည့်ပါ။ ကွန်ပျုတာပိတ်သွားလျှင် ပါဝါကို နောက်တစ်ကြိမ် ဖွင့်ကြည့်ခြင်းဖြင့် Hibernation ၏သဘောကို ပိုမိုနားလည်သဘောပေါက်လာပါလိမ့်မည်။ Hibernation ဆိုတာ သင့်လုပ်လက်စ အလုပ်တွေ ဖွင့်ထားတဲ့ Program တွေကို Memory ကနေတဆင့် ဟက်ဒစ်ကို ယာယီ လွှဲပြောင်းခြင်းဖြင့် ကွန်ပျုတာ ပိတ်ဖို့မလိုအပ်ပဲ သိုလှောင် ကိုင်တွယ်ထားနိုင်သည်။ ကောင်းတာ ကတော့ ကွန်ပျုတာကို နောက်တစ်ကြိမ် ပြန်ဖွင့်တဲ့အခါမှာ ခုနက သင့်ရပ်တန့်ထားခဲ့သော အလုပ်တွေနှင့် ဖွင့်ယူထားသော programs များကို အခန့်သင့် ပြန်လည်အသုံးပြုနိုင်သည်။ ဆိုလိုတာကတော့ starting windows XP အဆင့်ကို ကျော်သွားမယ် program တွေကိုဖွင့်စရာမလို files တွေကိုထပ်ဖွင့်စရာ မလိုတော့ ဘူးပေါ့။ အချိန်ကုန်သက်သာစေပါတယ်။ ဒါပေမယ့် စက်ပြန်ဖွင့်ရင် စက်မပိတ်တုန်းက ကိုယ်သုံးတဲ့အတိုင်း ပြန်ရတာတော့ မှန်ပါတယ်။ ဒါပေမယ့် hard disk , memory တွေပိုစားပါတယ်။
0 comments:
Speak up your mind
Tell us what you're thinking... !