ကွန်ပျူတာ စက်မြန်အောင် Defragment ပြုလုပ်ခြင်း - Free Software and IT Sharing
Headlines News :
ADV
Home » , , » ကွန်ပျူတာ စက်မြန်အောင် Defragment ပြုလုပ်ခြင်း

ကွန်ပျူတာ စက်မြန်အောင် Defragment ပြုလုပ်ခြင်း

Written By ‌ဇေယျ on Tuesday, April 29, 2014 | 1:12 AM



ကွန်ပျူတာစက်အမြန်နှုန်း နှေးစေတဲ့အချက်တွေထဲမှာ ဖိုင်တွေ fragment ဖြစ်တာလည်း တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ကွန်ပျူတာမှာ ဖိုင်တွေ အသွင်းအထုတ် များလာတဲ့အမျှ fragment ဖြစ်လာပါတယ်။ fragment ဖြစ်တယ်ဆိုတာ ကွန်ပျူတာရဲ့ Hard Disk ထဲမှာ ဖိုင်တွေဟာ တစ်နေရာတည်းမှာ မရှိဘဲ တစ်ပိုင်းတစ်စစီ နေရာကွဲပြီး ရှိနေတာကို ပြောတာဖြစ်ပါတယ်။


ဥပမာ- ကွန်ပျူတာရဲ့ Hard Disk ကို စာရွက်တစ်ခုအဖြစ် တွေးထင်ပြီး အတန်းလိုက် အုတ်ရိုးစီထားသလို ဇယားကွက်တွေအဖြစ် မြင်ကြည့်လိုက်ပါ။ ဖိုင်တစ်ဖိုင်ဟာ Hard Disk ပေါ်မှာချရေးလိုက်တာနဲ့ နေရာတကျ အတန်းလိုက် နေရာမယူနိုင်ပါဘူး။ အတန်း တစ်ခုမှာ တစ်နေရာ၊ နောက်တစ်ခုမှာ တစ်နေရာနဲ့ ချရေးပြီး ဘယ်နေရာတွေမှာ ရေးထားကြောင်း FATလို့ခေါ်တဲ့ File Allocation Table မှာ ဧည့်စာရင်းတိုင်ပြီး ရှိနေပါတယ်။


ကွန်ပျူတာက ဖိုင်တစ်ခုဖတ်တော့မယ်ဆိုရင် FAT မှာရှိတဲ့ နေရာပြစာရင်းအရ ကောက်သင်းကောက်သလို တစ်နေရာစီ လိုက်ကောက်ပြီး ဖတ်ရပါတယ်။ ဒါကြောင့် အချိန်ပိုယူရတဲ့အတွက် စက်ကို နှေးစေပါတယ်။


ဝင်းဒိုးစနစ်သုံးကွန်ပျူတာတွေမှာ Fragment ဖြစ်နေတဲ့ ဖိုင်တွေကိုနေရာတကျ ပြန်စီနိုင်ဖို့ Defragment Tools ရှိပါတယ်။ ဒါပေမယ့် Defragment လုပ်ဖို့ အချိန် ကြာကြာ စောင့်ရတဲ့အတွက် ကွန်ပျူတာပြုပြင်သူတွေ အခက်တွေ့ရပါတယ်။


ဒါကြောင့် မိုက်ခရိုဆော့ဖ်ကထုတ်လုပ်တဲ့ System Internal Tools တစ်ခုဖြစ်တဲ့ Contig ကို အသုံးပြုသင့်ပါတယ်။


Contig Defragment Tools ကို Command Line က အသုံးပြုရမှာဖြစ်ပါတယ်။ Contig ဟာ ဖိုင်အားလုံးသာမက မိမိ Defragment
လုပ်ချင်တဲ့ ဖိုင်တစ်ခုချင်းစီကိုလည်း လုပ်နိုင်ပါတယ်။



ဥပမာ C:\Windows\System32 ထဲက DLLဖိုင်တွေကို Defragmentလုပ်ချင်ရင် contig -s c:\windows\system\*.dll ဆိုပြီး Command Prompt ကနေအသုံးပြုနိုင်ပါတယ်။ Defragment လုပ်ရာမှာ တချို့ system ဖိုင်တွေကို မလုပ်နိုင်ပါဘူး။ ဘာကြောင့် လဲဆိုတော့ မရွှေ့ပြောင်းနိုင်တဲ့ Un-removable ဖိုင်တွေဖြစ်နေလို့ ဖြစ်ပါတယ်။


မရွှေ့ပြောင်းနိုင်တဲ့ဖိုင်တွေထဲမှာ Registry ဖိုင်တွေနဲ့ Virtual Memory ဖိုင်တွေ ပါဝင ပါတယ်။ ဒီဖိုင်တွေကို Defragment လုပ်ပေးဖို့ လိုအပ် ပါတယ်။


ဝင်းဒိုးစနစ်မှာ အလို အလျောက်ပါတဲ့ Defragment Tools က ဒီဖိုင်တွေကို ပြန်မစီပေးနိုင်ပါ။ ဒါကြောင့် Pagefrg Tools ကို အသုံးပြုရမှာ ဖြစ်ပါတယ်။ Contig နဲ့ Pagefrg Toolsတွေကို http://www.piriform.com/defraggler/update?v=2.15.742&l=1033 မှာ အခမဲ့ Download ရယူနိုင်ပါကြောင်း ဒီတစ်ပတ်အိုင်တီဗဟုသုတအဖြစ် ဖော်ပြလိုက်ပါတယ်။ 
Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

Blogger news

adf
 
Copyright © 2014. Free Software and IT Sharing - All Rights Reserved